ထိုင်းနိုင်ငံက ထောက်ပို့လုပ်ကိုင်သူတွေ ရံပုံငွေရရှိမှု နည်းလာ

မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ထောက်ပို့ရံပုံငွေတွေဟာ ပြည်တွင်းမှာသာမက ပြည်ပ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကပါ ကူညီစီးဆင်းမှုတွေ လျှော့နည်းသထက် လျှော့နည်းလာနေတယ်လို့ ထောက်ပို့လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ အခုလို ထိုင်းနိုင်ငံထဲက ရံပုံငွေ ရရှိမှု အားလျှော့လာတာဟာ ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဘက်က အလုပ်အကိုင် အဆင်မပြေတာ၊ ယာယီနေထိုင်ခွင့်နဲ့ အလုပ်သမားလက်မှတ် မရှိကြတာ စတဲ့ အခက်အခက်တွေရှိနေသလို တော်လှန်ရေးကာလကြာလာလို့ သွေးအေးသွားတာတွေလည်း ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် MRDA ထောက်ပို့တာဝန်ခံက ပြောပါတယ်။ လက်ရှိ တိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားအများစုဟာ ယာယီနေထိုင်ခွင့် နဲ့ အလုပ်သမား လက်မှတ်မရှိတာကြောင့် နယ်ကျော်သွားလာခွင့်မရကြသလို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေကိုပါ မကြာခဏ ကြုံတွေ့နေကြရတာပါ။ ပြီးခဲ့တဲ့ ရံပုံငွေပွဲတွေမှာလည်း ထိုင်းအာဏာပိုင်တွေဘက်က လာရောက်စစ်ဆေးမေးမြန်းသလို ငွေညှစ်တာတွေပါ ပြုလုပ်ခဲ့တယ်လို့ MRDA ထောက်ပို့တာဝန်ခံ ကိုရှိုင်းဆီက သိရပါတယ်။

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10