ထီးလင်းနယ်က စစ်ရှောင်တွေ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တောင်ပိုင်း စစ်ရှောင်စခန်းတခုက ပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်က စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူဆီက သိရပါတယ်။

စစ်တပ်က လက်နက်ကြီးပစ်တဲ့ဒဏ်၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတဲ့ဒဏ်တွေကို ခံကြရတဲ့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ထလင်းရွာ၊ အောင်းရွာ၊ ပုဏ္ဏားရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာစတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်မှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်လာရတဲ့အခါ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။

ထီးလင်းနယ်တောင်ပိုင်း စစ်ရှောင်ကော်မတီကတော့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပေမယ့် ဆန်ကိုပဲ အဓိက ထောက်ပံ့ပေးနိုင်ပြီး အနွေးထည်၊ စောင်၊ အဝတ်အစားနဲ့ ကျန်မာရေးအတွက် ဆေးဝါးတို့ လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင် အမျိုးသမီးတဦးကလည်း ဆိုပါတယ်။

စစ်ရှောင်တွေ ရိက္ခာလိုအပ်ချက်အရ ရာသီပေါ်အသီးအနှံလေးတွေကို စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ မုန်လာထုပ်၊ ပန်းမုံလာ၊ ခရမ်းချဥ်၊ ချဥ်ပေါင်၊ ဗူးပင်၊ ရွှေဖရုံ၊ ကန်စွန်း၊ ရုံးပတီ၊ စားတော်ပဲ အစရှိတဲ့စားသုံးသီးနှံတွေအပြင် မေမြို့ပန်းတွေကိုလည်း ဝိုင်းဝန်းစိုက်ပျိုး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #စစ်ရှောင်ပြည်သူ #စားဝတ်နေရေးခက်ခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10