သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်း ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းမှာပါဝင်တဲ့ အချက် ၈ ပါးအနက် ၃ ပါးနဲ့ ကိုက်ညီတဲ့အတွက် အခုလို ထီးလင်းမြို့နယ်က သံဃာတွေကစုပေါင်းပြီး သပိတ်မှောက်ရခြင်းဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
"သံဃာတွေကို အကြောင်းမဲ့ရန်ပြုတယ်။ သံဃာတွေကို သင်းကွဲအောင်လုပ်တယ်။ ကိုယ့်ကျောင်းမှာကိုယ် မနေနိုင်အောင်လုပ်တယ်။ တချို့ဆိုရင် ဆရာတော်ကြီးတွေ စစ်ရှောင်ရင်းနဲ့ ပျံလွန်တော်မူတာတွေရှိတယ်။" လို့ သပိတ်မှောက်ခြင်းမှာပါဝင်ထားတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ် ။
အဆိုပါ သပိတ်မှောက်တာကို ထီးလင်းနယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုကသံဃာတော်တွေ ပူးပေါင်းပြီးပြုလုပ်ခဲ့တာဖြစ်သလို ပပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက စပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
ဇွန် ၁၉ ရက်ကလည်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် လာတာမျိုးတွေ စတင်ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ထီးလင်းမြို့ #သံဃာတော် #မင်းအောင်လှိုင် #ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်
Share Share Share