ထီးလင်းမှာ ကင်းစောင့်နေတဲ့တပ်ကြပ်ကြီးတဦး ကိုယ်တိုင်သေနတ်နဲ့ပစ် အဆုံးစီရင်

ထီးလင်းမှာ ကင်းစောင့်နေတဲ့တပ်ကြပ်ကြီးတဦး ကိုယ်တိုင်သေနတ်နဲ့ပစ် အဆုံးစီရင်

မကွေးတိုင်း၊ ထီးလင်းမြို့အနောက်ဘက်ရှိ မောချောင်းမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ Yaw Revolution Army - ထီးလင်း တပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် ဒီမနက်အစောပိုင်းမှာ ကင်းစောင့်နေတဲ့အသက် ၅၀ ဝန်းကျင်အရွယ် တပ်ကြပ်ကြီး ကျော်ငွေဟာ ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ပစ်ပြီး ကိုယ်တိုင်အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

“အရက်မူး၊ စိတ်ညစ်ပြီးတော့ ကိုယ့်ဂန်းနဲ့ကိုယ် ပစ်သတ်လိုက်တယ်လို့ကြားတယ်။ ခေါင်းတနေရာ ရာတော့ဖြစ်မယ်ဗျ၊ တချက်တည်းပွဲပြတ်ဆိုတော့။ သူက ကျောက်ထုအမြောက်တပ်ကနေ ပြောင်းရွှေ့လာတာ၊ မောချောင်းမှာက ကင်းပုန်းတို့ ဘန်ကာတို့ရှိတယ်။” လို့  YRA ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။  

အလောင်းကို ဒီနေ့လယ်ပိုင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ပေးဖို့ စီစဉ်နေကြပြီး ဒီဖြစ်စဥ်ကို အခင်းဖြစ်တဲ့နေရာနဲ့ နီးစပ်သူတွေရဲ့ ပြန်လည်ပြောပြချက်အရသိရတယ်လို့ ဆိုပါတယ်။ 

တပ်ကြပ်ကြီး ကျော်ငွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာကတည်းက ကျောက်ထုအမြောက်တပ်ကနေ မောချောင်းကင်းစခန်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာအမျိုးသမီးနဲ့ သားတဦးကျန်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကလည်း ကလေးမြောက်ဘက်အထွက် ဖောင်ကူးတံတားမှာ  ပျုစောထီးတပ်သားတဦး သေနတ်နဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုဖြစ်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #တပ်ကြပ်ကြီး #အဆုံးစီရင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10