ထီးလင်းမှာ စစ်ကြောင်းထွက်လာတဲ့တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

ထီးလင်းမှာ စစ်ကြောင်းထွက်လာတဲ့တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ရဲ အင်အား ၇၀ ခန့် စစ်ကြောင်း ထွက်လာရာမှာ ဧပြီ ၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yaw Revolution Army-YRA တပ်ဖွဲ့ဆီက သိရပါတယ်။

ထီးလင်းမြို့နဲ့  ၂ မိုင်ကျော်ကွာဝေးတဲ့ ထလင်းကျေးရွာကို ဧပြီ ၃ ရက် ည ၁၁ နာရီခန့်မှာ ဝင်ရောက်လာကာ တညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းက ဧပြီ ၄ ရက် မနက် ၇ နာရီခွဲခန့်မှာ ထလင်းရွာတောင်ဘက်သို့ စစ်ကြောင်းဆက်လက်ထွက်လာရာ YRA တပ်ဖွဲ့ထောင်ထားတဲ့ မိုင်းကွင်းထဲကို ၁၂ ဦးကျော် ဝင်ရောက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ပြင်းအားမြှင့်ထားတဲ့ မိုင်းအကြီးစား ၄ လုံးတွဲ ထောင်ထားတဲ့ကွင်းထဲ ဖြတ်ဝင်လာချိန် ဆွဲချလိုက်တယ်။ စစ်သား ၃ ယောက်နဲ့ ရဲ ၁ ယောက် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရပြီး မပြေးနိုင်တဲ့ သူတွေလည်း ရှိတယ်" လို့ YRA တပ်ဖွဲ့ ခေါင်းဆောင်သခင်ဇော် ကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ စစ်သားနဲ့ ရဲတွေကို ဖောကားတစီးနဲ့ ထီးလင်းမြို့ဘက်ကို သယ်ဆောင်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။          

ဧပြီ ၅ ရက် မနက်ပိုင်းမှာလည်း မိုင်းဆွဲခံရတဲ့နေရာဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ပုံစာ -YRA တပ်ဖွဲ့ကထုတ်လုပ်ထားသည့် ပြင်းအားမြှင့်မိုင်းအကြီးစားများကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10