ထီးလင်းမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ အမျိုသမီး ၁ ဦး သေပြီး ပြည်သူ ၄ ဦးဒဏ်ရာရ

ထီးလင်းမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ အမျိုသမီး ၁ ဦး သေပြီး ပြည်သူ ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အိုင်းမကျေးရွာနဲ့ ဂန့်ဂေါ-ထီးလင်း ကားလမ်းမလမ်းဆုံကို အောက်တိုဘာ ၂၂ ရက် ဒီနေ့မွန်းလွဲ ၁ နာရီကျော်လောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ အိုင်းမရွာထဲနဲ့ စာသင်ကျောင်း အနီးတဝိုက်ကို လေကြောင်းဗုံကြဲမှုပြုလုပ်ရာမှာ နေအိမ် ၁ လုံးအပေါ် တိုက်ရိုက်ကျလို့ အသက် (၅၀) ဝန်းကျင်အရွယ် ဒေါ်မာလာထွေးထိမှန် သေဆုံးသွားပြီး ဒေသခံ ၄ ဦးလည်းထိမှန်ဒဏ်ရာရကာ လူနေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လေယာဉ်ကနေ ဗုံးကြဲခဲ့သလို ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စာသင်ကျောင်းကို ဦးတည်ပြီးပစ်တယ်။ စာသင်ကျောင်းကို မကျတဲ့ဟာတွေက လယ်ကွင်းတွေ၊ အဲဒီနားက အဝေးပြေးလမ်းဆုံတခုရှိတယ်၊ အဲဒီနားတွေကျကုန်တာ။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေရဲ့အခြေနေတွေကိုတော့ လောလောဆယ်မသိရသေးဘူး” လို့ YRA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ချိန် စာသင်ကျောင်းထဲမှာ ကလေးတွေ စာသင်နေပြီး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ ကျောင်းရဲ့ ခြံစည်းရိုးအစပ်နားလေးမှာကျတဲ့အတွက် ကလေးတွေ ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အိုင်းမရွာထဲကဒေသခံတွေဟာ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။ 

အောက်တိုဘာ ၁၆ ရက်ကလည်း ထီးလင်းမြို့နယ် ညောင်ရွာနဲ့ အကြည်ဘန်းရွာကြား စစ်ကောင်စီတပ်သားတွေက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသား ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #ထီးလင်းမြို့ #အိုင်းမကျေးရွာ #ဂန့်ဂေါ #ထီးလင်း #စစ်ကောင်စီ #လေကြောင်း #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10