ထီးလင်းမှာ ရိက္ခာထွက်ရှာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Yaw Revolution Army ရဲ့ ခေါင်းဆောင် သခင်ဇော်က ပြေပါတယ်။

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲ ၁၀ ဦးခန့်ပါတဲ့ စစ်ကြောင်းကို မတ် ၁၃ ရက် ညနေ ၅ နာရီ‌ကျော်လောက်က ရေမျက်နီရွာထဲကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ တပ်ရင်း ၁၆ နဲ့ တပ်ရင်း ၁၇ တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  လက်နက်ကြီးငယ်နဲ့ နှစ်ဘက်ပစ်ခတ်မှု ၁ နာရီလောက်ကြာပြီး စစ်အုပ်စုဘက်က ၄ ဦး သေဆုံးတယ်လို့  ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း Yaw Revolution Army  က ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရေမျက်နီရွာဟာ ထီးလင်းမြို့နဲ့ ကျောမြို့ကြား ကလေး - ဂန့်ဂေါ - ပခုက္ကူလမ်းပိုင်းတွင် တည်ရှိပြီး အချက်အခြာကျတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုကို Yaw Revolution Army  နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ထီးလင်း #စစ်အုပ်စု #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10