ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို သေဒဏ်ချမှတ်နိုင်တဲ့ အမှု ၂မှုနဲ့ တရားထပ်စွဲ

ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို သေဒဏ်ချမှတ်နိုင်တဲ့ အမှု ၂မှုနဲ့ တရားထပ်စွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်က ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD မှ ပြည်မြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပြည်ထောင်တွင်းတရားရုံးက ပုဒ်မ ၂ ခုနဲ့ ထပ်မံတရားစွဲထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

အကြမ်းဖက်မှု၊ ရွေးကောက်ပွဲ၊ ၅၀၅ (က) ၂ မှု၊ ယစ်မျိုး၊ ဘေးစီမံ စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရတာကနေ လက်ရှိမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) နဲ့ ၂ မှု ထပ်မံစွဲဆိုခဲ့တာလို့ သိရပါတယ်။


"ပေါင်းတည်က ၁ မှုနဲ့ သဲကုန်းက ၁ မှု ထပ်စွဲတာလို့ပြောတယ်။ လာမယ့်မေလ ၁၉ ရက်မှာ ရုံးထုတ်မယ်လို့ သိရတယ်။ အခုလက်ရှိက ရှေ့နေငှားရမ်းဖို့က အခက်အခဲရှိတယ်။ လိုက်ရဲသူမရှိဘူး ဖြစ်နေတယ်။ ပုဒ်မတွေက ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တော့ ရှေ့နေငှားရမ်းဖို့ ကြိုးစားနေပါတယ်"လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခု ထပ်မံချမှတ်လိုက်တဲ့အမှုဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့အမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

သူ့ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်က ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့၊ ရေကြည်အိုင်စစ်ကြောရေးနဲ့ ပြည်မြို့ ဒ.က.စ စစ်ကြောရေးတို့မှာ မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ ၂ လအကြာစစ်ဆေးခဲ့ပြီးနောက် ပြည်မြို့ အကျဉ်းထောင်ကိုပို့ကာ ထောင်တွင်းတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်မှာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။

ဦးကျော်ဇေယျဟာ ပဲခူးတိုင်း၊ ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#ပြည် #လွှတ်တော်ကိုယ်စားလှယ် #ကျော်ဇေယျ #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ #သေဒဏ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10