ဒဏ်ရာရရဲဘော်တွေနဲ့ ဒေသခံအချို့အတွက် ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲမှာ ဓားမဆိုင်းတပ်မတော် (D. M. S. A)တပ်ဖွဲ့က ဦးစီးပြီး ကိုယ်ထူကိုယ်ထ ဆေးခန်းတခုကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။


ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ ဒဏ်ရာရရင် သွေးထွက်လွန်ပြီး သေဆုံးတာတွေများလို့ အဓိကထားဖွင့်တာ ဖြစ်ပေမယ့် အဲ့ဒီနယ်က ဒေသခံတွေလည်း အခမဲ့နီးပါး ဆေးကုသနိုင်မှာ ဖြစ်တယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

ဆေးခန်းဖွင့်ပွဲကို ဒေသခံတွေနဲ့အတူ တပ်ဖွဲ့ဝင်အချို့က သီချင်း၊​ အကတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10