သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အပြင်က စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက်နဲ့ ပစ္စည်းမျိုးစုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - DRPA ကသတင်းထုတ်ပြန်ထားပါတယ်။
ဒီပဲယင်းမြို့အပြင်ဘက် စက်သုံးဆီဆိုင်အနီးက စစ်သား ၆ ဦးရှိတဲ့ ကံပြားဂိတ်ကို ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီကျော်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“၆ ယောက်စလုံးမှောက်သွားလို့ ပစ္စည်းတွေသိမ်းနိုင်ခဲ့တာပါ။ တရုပ်ယွမ်ငွေတွေ ထိုင်းဘတ်ငွေတွေလည်းပါတယ်။ တိုက်ခိုက်မှုကြာမြင့်ချိန် ၄၅ မိနစ်လောက်ပဲကြာတယ်။" လို့ DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဂိတ်ကနေ လက်လုပ်ပစ္စတို ၁ လက်၊ MA 1 ၂ လက်၊ MA 2 ၁ လက်၊ MA3 ၁ လက်၊ အီနာဂါဗုံးသီး ၂ လုံး၊ ကျည်ကာ ၂ ထည်၊ ကျည်ဘောက်များ၊ ကျည်ဆန်အချို့နဲ့ ဖုန်း ၃ လုံး တရုပ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ အခြားပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်နဲ့ Mobile Team (Dapayin) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။
DRPA နဲ့ အဖွဲ့ဟာ ဇူလိုင် ၂၄ ရက်ညကလည်း စစ်ကောင်စီတပ်သား ၁၀၀ လောက်တပ်စွဲထားတဲ့ ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းကို ၆၀၊ ၁၂၀ မမ တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေကာ ၁ ဦးဒဏ်ရာရရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
ပုံစာ - သိမ်းဆည်းရမိသည့် စစ်သုံးပစ္စည်းများ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဒီပဲယင်း #DRPA #ယင်းမာပင်ခရိုင်တပ်ရင်း #စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက် #စစ်လက်နက် #သတင်း
Share Share Share