ဒီပဲယင်းမှာ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဝင် ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ANTI DICTATORSHIP PEOPLE REVOLUTIONS'S ARMY(ADPRA)‌ ရဲ့ သတင်းပြန်ကြားရေး ရဲဘော်တဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ရဲစခန်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်သားနဲ့ ဒေသခံပျူစောထီးတွေကို ရဲစခန်းရှေ့မှာပဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲကြာမြင့်ချိန် နာရီဝက်လောက်ရှိကာ အရပ်ဝတ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ၁ ဦးနဲ့ ကျည်ကာဝတ်ထားကြတဲ့ စစ်အုပ်စုဝင် ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သလို သူတို့ဆီကနေ ကာဘိုင်သေနတ် ၂ လက် ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်နေစဉ် စစ်အုပ်စုဝင်တွေက ရဲစခန်းအပြင်ကို ထွက်မလာဘဲ ရဲစခန်းထဲကသာ ပြန်လည်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

 အဲဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင် တပ်ရင်း၃၀ (ADPRA)၊ ဒီပဲယင်းပကဖ တိုက်နယ် တပ်ဖွဲ့ ၁၊ တပ်ဖွဲ့ ၂ နဲ့ တပ်ဖွဲ့ ၃၊ ရေဦးမြို့နယ် ပကဖ (Galaxy Force)၊ ရေဦးမြို့ နယ် ပကဖ (ဖီးနစ် တပ်ခွဲ)၊ ရန်ကြီးအောင် LDF တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး အားလုံးအန္တရာယ်ကင်းခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း ADPRA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘုတလင်မြို့ပေါ်က အထကကျောင်းနဲ့ မိုး ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #တိုက်ပွဲ #လက်နက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10