ဒီပဲယင်းမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ

ဒီပဲယင်းမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာ ငါးရွာက ဒေသခံတွေစုပေါင်းပြီး  ကျေးလက်လူထု ဆိုင်ကယ်သပိတ် စစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်အနေနဲ့ ဒီပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို 'ပြည်ထောင်စုနေ့' လို့ သတ်မှတ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးချိန်က စ တွက်ကြည့်ရင် ပြည်ထောင်စုဆိုတာမျိူးကို ဘယ်ပြည်သူကမှ ပြည့်ပြည့်ဝဝ ခံစားသိရှိခဲ့ကြတာ မဟုတ်ဘူး။ ပါးစပ်ဖျားပေါ်မှာသာ ရှိခဲ့တဲ့ ပြည်ထောင်စုမျိုး ဖြစ်ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးက အစပြုပြီး တကယ့်စစ်မှန်တဲ့  ပြည်ထောင်စုမျိုးကို ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို အားမလျှော့၊ နောက်မဆုတ်ဘဲ အဆုံးသတ်ထိ နိုင်သမျှ တာဝန်ကိုယ်စီ ထမ်းဆောင်သွားကြမှာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

ဒေသခံစုစုပေါင်းအင်အား ရာကျော်နဲ့ “ပြည်ထောင်စုဆိုတာ ဘာလဲ” "ပြည်ထောင်စုဆိုတာ တကယ်ရှိခဲ့သလား" အစရှိတဲ့စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ အတုအယောင် ပြည်ထောင်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10