ဒီပဲယင်းမှာ ၃ ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

ဒီပဲယင်းမှာ ၃ ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာ တတိယပတ်အတွင်းမှာ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Farmer Heroes Khin U ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ ဂိတ်စခန်း၊ ရဲစခန်းနဲ့ ကညနရုံး၊ စစ်ကြောင်း ဝင်ရောက်တပ်စွဲရာတွေကို ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"စုစုပေါင်းစစ်သား ၃ ယောက်သေတယ်လို့ ကင်းထောက်က တဆင့်သိရတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးပါဘူး" လို့ Farmer Heroes Khin Uအဖွဲ့ ရဲဘော်ရန်ငြိမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ ရေဦးကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၇၀ ခန့် ကို ဒီပဲယင်းနယ် မူးဆုံရွာဝင်ရောက်ချိန် ညနေ ၄ နာရီခွဲခန့်မှာ ဗုံးသီးတစ်လုံးချပြီး တိုက်ခိုက်ခဲ့လို့ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၁၆ ရက် ညနေ ၄ နာရီခန့်က ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ စစ်တပ်ဂိတ်ကို ဗုံး ၂ လုံး၊ ကညနရုံးနဲ့ ရဲစခန်းကိုဒရုန်းနဲ့ ဗုံး ၁ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးတာကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီခန့်က ဒီပဲယင်းကထွက်လာတဲ့ အင်အား ၇၀ ကျော်စစ်ကြောင်းဟာ ပင်စီရွာထဲဝင်ရောက် ချက်ပြုတ်စားနေချိန် ရွာထဲကို ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာမှာ ၂ ဦးသေဆုံးခဲ့တာလို့ ရဲဘော် ရန်ငြိမ်း ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကိုတော့  Farmer Heroes Khin U၊ Saviour Revolution Force၊ TTA Revolution Force အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်း #ဒရုန်းဗုံးကြဲ #စစ်ကောင်စီ #သေဆုံးမှု #တော်လှန်ရေးအင်အားစု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10