ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ကို စစ်ကောင်စီကထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီး ညိုစောနဲ့ အစားထိုးပြင်ဆင်ဖွဲ့စည်း

ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ကို စစ်ကောင်စီကထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီး ညိုစောနဲ့ အစားထိုးပြင်ဆင်ဖွဲ့စည်း

ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီကနေ ထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒု-ဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးပြင်ဆင်ဖွဲ့စည်းတယ်လို့ စက်တင်ဘာ ၂၅ ရက် ဒီနေ့ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေလည်းဖြစ်တဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒု-ဗိုလ်ကြီး စိုးထွဋ်တို့ဟာ စက်တင်ဘာလ ဒုတိယအပတ်ကစလို့ အဂတိမှုတွေနဲ့ ထိန်းသိမ်းစစ်ဆေးခံနေရပြီးတဲ့နောက် အခုလိုစစ်ကောင်စီကနေ ထုတ်ပယ်လိုက်တာပါ။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၉ ဦး ပါဝင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအတွက် ထုတ်ပယ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးနေရာမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စစ် ခေါင်းဆောင်ရဲ့ အကြံပေးအဖြစ်ခန့်ထားတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောတို့  ၂ ဦးနဲ့ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့မှာ ပါဝင်တာမျိုးမရှိတော့တာကိုသာ တွေ့ရပြီး သူ့ရဲ့နောက်ဆုံးအခြေအနေတွေကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

ပြည်ထဲရေးဝန်ကြီးဟောင်းနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးရာထူးကနေ အနားပေးကာ မူလစစ်ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေတယ်လို့ ထုတ်ပြန်ထားကာ သူ့ရဲ့နေရာကို ယခင်စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ အစားထိုးခန့်အပ်တယ်လို့လည်း ဆိုပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #ပြင်ဆင်ဖွဲ့စည်း #ဒုဗိုလ်ချုပ်ကြီး #မိုးမြင့်ထွန်း #စိုးထွဋ် #မောင်မောင်အေး #ညိုစော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10