ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ (ရုပ်/သံ)

မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက PDF ရဲဘော်တွေဟာ တပ်ရင်းမှာရှိတဲ့ ဆိုင်ကယ်၊ ကားတွေသာမကဘဲ အခြားတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ယာဥ်တွေကိုပါ ပြင်ဆင်ပေးနေတယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။

တပ်ဖွဲ့အချင်းချင်း ကူညီပေးတာဖြစ်သလို ပြည်သူတွေစားဝတ်နေရေး ခက်ခဲနေတဲ့အခါမှာ တတ်နိုင်တဲ့ဘက်က ပြည်သူကို အကျိုးပြုတဲ့အနေနဲ့ အခမဲ့ပြင်ဆင်ရတာလို့ ဆိုပါတယ်။

ဆိုင်ကယ်နဲ့ကားတွေကို ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကိုသာ ဝယ်ယူပေးရတာမျိုးရှိပြီး ခရီးသွားသူတွေနဲ့ မှာယူရတဲ့အတွက် ခရီးကြန့်ကြာတဲ့ အခက်အခဲသာရှိတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #PDF ရဲဘော် #ယာဥ်ပြုပြင် #အခမဲ့ပြင်ဆင် #တော်လှန်ရေးတပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10