သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်၊ ဥယျာဉ်ကြီးအုပ်စု၊ အေးရွာလေးရွာ ဗျူဟာလမ်းမှာ စစ်ကောင်စီတပ်က ထောင်သွားတဲ့ နင်းမိုင်း ၂ လုံးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ Yoma GBK PDF က ရှင်းပေးခဲ့တာပါ။
ကြို့ပင်ကောက်မြို့နယ်ထဲမှာ နင်းမိုင်းအလုံး၂၀ ထက်မနည်းကို ကွင်းချောင်းရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေက ထောင်ထားတယ်လို့ သတင်းရလို့ ပြည်သူတွေကို အသိပေးထားသလို စစ်ကြောင်းရှင်းချိန်မှာ မိုင်းဖော်ယူမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ပထမအပတ်လောက်မှာလည်း ကြို့ပင်ကောက်မြို့နယ် ဝိုင်း၊ ကန့်နီနဲ့ ညောင်ပင်အိုင်ရွာတွေက နွား ၃ ကောင် ဂမုန်းဆည်ဘောင်ပေါ်နဲ့ ဆည်အောက်ခြေတွေမှာ စစ်ကောင်စီတပ်က ထောင်တဲ့မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ကြို့ပင်ကောက် #စစ်တပ် #နင်းမိုင်း #မိုင်းထောင် #ပြည်သူ
Share Share Share