ဒေသခံ ၁၂၀ ကျော်ကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

ဒေသခံ ၁၂၀ ကျော်ကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်အတွင်းရှိ ကျေးရွာတရွာက ဒေသခံပြည်သူ ၁၂၀ ကျော်ကို ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ဆေးတပ်ဖွဲ့မှ နိုဝင်ဘာ ၁၄ ရက်မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကျန်းမာရေးစောင့်ရှောက်မှုကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နဲ့ ကျွန်းလှ -ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ 

အခုလိုကုသပေးခဲ့ရာမှာ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ နားပြည်ယိုတာနဲ့ အသက်ကြီးရွယ်အိုတွေမှာ သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာဝေဒနာတွေကို အများဆုံး ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။  

ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ကာ လူနာဦးရေ ၁၂၀ ကျော်ကို CDM ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် PDF ဆေးတပ်ဖွဲ့ဝင် စုစုပေါင်း ၈ ဦးနဲ့ ဆေးဝါးကုသပေးခဲ့တာ ဖြစ်ပါတယ်။  

ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ လူနာတွေကို ဆေးဝါးအလုံအလောက် မပေးနိုင်တာမျိုးရှိပြီး သွေးတိုးကျဆေးလို အမြဲတမ်းစွဲသောက်ရတဲ့ဆေးတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခက်အခဲရှိတယ်လို့ ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ အစီအစဉ်မှာ ဆရာဝန်တဦးကလည်း ကျောင်းသား/သူတွေကို တကိုယ်ရည် သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ကျောင်းကျန်းမာရေးပညာပေးဟောပြောခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့  #ဒေသခံ #ကျန်းမာရေးစောင့်ရှောက်မှု #ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ #PDF #သူနာပြု #CDM #ဆရာဝန် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10