ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်က အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲပြုလုပ်

ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်က အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဒေါင်းနီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲ အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို သြဂုတ် ၁၂ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေကို တော်လှန်ရေးပြီးတဲ့အထိ သွေးမအေးဘဲ ဆက်လက်လုပ်ဆောင်နေဖို့၊ ရဲဘော်တွေ အမြဲတမ်းသတိရှိနေဖို့၊ စစ်သင်တန်းဆိုတာ မသေအောင်နေတဲ့နည်းကို သင်ပေးတာဖြစ်ကြောင်းနဲ့ ၁၀၂၇ မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုကြည့်ပြီး ၎င်းတို့အတွက် ပိုပြီးကြိုးစားအားထုတ်ဖို့ စတဲ့အကြောင်းအရာတွေကို ပြောဆိုမှာကြားခဲ့တယ်လို့ ဒေါင်းနီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရေးဗိုလ် ကိုလေးလုံးက ပြောပါတယ်။ 

“တပ်ရင်းမှာပဲ တော်လှန်ရေးပြီးသည်အထိ တာဝန်ထမ်းဆောင်နိုင်တဲ့ သူတွေကို ကျနော်တို့အနေနဲ့ သင်တန်းတက်ရောက်ခွင့်ပေးတယ်။ ဒီသင်တန်းပြီးသွားတဲ့ ရဲဘော်တွေကိုလည်း ကျနော်တို့ အနေနဲ့ သူတို့ သက်ဆိုင်ရာကျေးရွာတွေကို မပို့ပါဘူး။ တပ်ရင်းမှာပဲ ထားပြီးတော့ ဒီတပ်ရင်းရဲ့ COC အောက်မှာပဲ သူတို့ တာဝန်ထမ်းဆောင်ရမှာပါ ” လို့ သူက ပြောပါတယ်။

သင်တန်းကာလကို  ၂ လသတ်မှတ်ထားပြီး အဆိုပါသင်တန်းကို လာရောက်လျှောက်ထားသူ ၇၉ ဦးထဲမှာမှ တပ်ရဲ့ စည်းမျည်းတွေကို လိုက်နာတဲ့သူ ၃၄ ဦးကိုသာ ရွေးချယ်ခဲ့ပြီး အဲဒီအထဲမှာ  အမျိုးသမီး ၃ ဦး လည်း ပါဝင်တယ်လို့ဆိုပါတယ်။  

နောက်ထပ် စစ်သင်တန်းတွေ ထပ်မံဖွင့်လှစ်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် #စစ်ပညာ #သင်တန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10