ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဆေးကုသမှုခက်ခဲတဲ့ဒေသက စစ်ရှောင်တွေကို ဆေးကုသပေး

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဆေးကုသမှုခက်ခဲတဲ့ဒေသက စစ်ရှောင်တွေကို ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ဆေးကုသမှုခက်ခဲတဲ့ဒေသက စစ်ဘေးရှောင်ပြည်သူတွေကို ဇွန် ၁၉ ရက် ဒီ‌နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အခမဲ့ဆေးကုသပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဒေသမှာ၂၀၂၃ နိုဝင်ဘာ ကတည်းက ပြည်သူ ၂၀၀ ကျော် စစ်ရှောင်နေရတာဖြစ်ပြီး ဆေးခန်းမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အကူအညီတောင်းခံနေတဲ့အတွက် ခုလိုဆေးကုသပေးခဲ့တာလို့ ဆိုပါတယ်။

"ဆေးကုဖို့ ခေါ်တာကတော့ ခဏခဏပါ။ ဆေးဝါးပြတ်တဲ့အထိ နေရာစုံ ကုပေးနေရတယ်။ ဒီရွာကုပေးရင် တခြားရွာတွေကလည်း ခေါ်ကြတယ်။ အခုလည်း ပြည်သူတွေ ထောက်ပံ့မှုနဲ့ အမေစုမွေးနေ့မှာ ကုသပေးရတာပါ" လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့် က ပြောပါတယ်။

စစ်ရှောင်သက်ကြီးရွယ်အိုတွေမှာ သွေးတိုး၊ သွေးပေါင်ကျ၊ ဆီးချို၊ အပူရှပ်၊ ဖျားနာတာတွေ အဖြစ်များပြီး ကလေးငယ်တွေမှာတော့ ယားနာတွေဖြစ်နေကာ သူတို့ကို CDM ကျန်းမာရေး ဆရာ၊ ဆရာမတွေက ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။ 

နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရတဲ့ပြည်သူတွေမှာ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရပြီး စားနပ်ရိက္ခာအတွက်လည်း လိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ရှောင်ပြည်သူများကို ဆေးကုသပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဝက်လက် #မွေးနေ့အမှတ်တရ #စစ်ရှောင် #ဆေးကုသ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10