ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှာ ပန်းသပိတ်ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှာ ပန်းသပိတ်ကျင်းပ

စစ်ကိုင်းတိုင်း၊ ဝက်လက်အခြေစိုက်တဲ့ Eagle Guerrilla Force - ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ကောက်ရိုးဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီမှာ ဝက်လက်မြို့တနေရာမှာ တပ်ဖွဲ့ဝင်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဘုရားမှာ ပန်းကပ်ဆုတောင်းတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"အကျဥ်းထောင်ထဲမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို လေးစားဂုဏ်ပြုပြီး ဒီပွဲကိုလုပ်ခဲ့တာပါ။ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီး သံပြိုင်ဟစ်တယ်၊ ဘုန်းကြီးကျောင်းမှာ၊ ဘုရားမှာလည်း အမေစုလွတ်မြောက်ဖို့ ပန်းကပ်ဆုတောင်းတယ်"လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြကာလတလျောက်လုံးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကို လေးစားတဲ့အနေနဲ့လည်း ပန်းသပိတ်ပြုလုပ်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဒီနေ့မှာ Zeroပြောက်ကျားတပ်ဖွဲ့အပါအဝင်  အခြား PDF တပ်ရင်းတပ်ဖွဲ့တွေမှာလည်း ကျင်းပတာတွေရှိသလို မြင်းခြံအခြေစိုက် နောင်ရိုးပြောက်ကျားတပ်ဖွဲ့ကလည်း မွေးနေ့အကြိုအဖြစ် ဇွန် ၁၈ ရက်မနေ့က ကျင်းပခဲ့ကြပါသေးတယ်။

အလားတူ ပြည်သူအချို့ကလည်း နေအိမ်က ဘုရားမှာပန်းကပ်တာ၊ နေအိမ်တွင်း ပန်းသပိတ်ပြုလုပ်တာတွေလည်းရှိသလို လူမူကွန်ယက်စာမျက်နာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ပန်းချီရေးဆွဲတာ၊ မွေးနေ့သီချင်း သီဆိုတီးခတ်တာတွေလည်း ပြုလုပ်ကြတာကို တွေ့ရပါတယ်။


စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #Eagle_Guerrilla_Force #ရွှေဘိုခရိုင်တပ်ရင်း_၁၅ #ပန်းသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10