ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြင်းမူနဲ့ အုတ်ဖိုမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြုလုပ် (ရုပ်/သံ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် DK PDF MMU တပ်ဖွဲ့နဲ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်‌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို တို့က သက်ဆိုင်ရာဒေသတွေမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ သိရပါတယ်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် DK PDF - MMU အထိုင်ချထားတဲ့စခန်းမှာ ရဲဘော်တွေက အကျဉ်းရုံးပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူထုခေါင်းဆောင်နဲ့ ဒီမိုကရေစီအရေးအတွက် အဆင်သင့်ရှိနေတယ်ဆိုတာကို ပြသလိုတာကြောင့် လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတာလို့ DK PDF - MMU ရဲဘော်မောင်ပြူးက ပြောပါတယ်။

ထို့အတူ သာယာဝတီခရိုင်‌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုကလည်း အထိမ်းအမှတ် လှုပ်ရှားမှုကို ပဲခူးရိုးမတနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ 

လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နွေဦးတော်လှန်‌ရေးအတွင်း ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်‌မြောက်စေဖို့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည် ကျန်းမာစေဖို့လည်း ဆုတောင်းခဲ့ကြသလို တော်လှန်‌ရေး သံန္နိဌာန်ကြွေးကြော်တာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံမြို့နယ်အချို့နဲ့ တော်လှန်ရေးအင်အားစုတွေ နေထိုင်ရာနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် အထိမ်းအမှတ်တွေပြုလုပ်တာ ပန်းသပိတ်တွေပြုလုပ်တာ အလှူဒါနပြုကြတာတွေကိုလည်း တပြိုင်တည်း ကျင်းပနေကြပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #အုတ်ဖို#ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #ဆုတောင်း  #DKPDF-MMU #သာယာဝတီခရိုင်‌တပ်ရင်း၃၈၀၂တပ်ခွဲ၄ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10