ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရေးတင်တဲ့ နတ်တလင်းက နိုင်ကျဉ်း ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရေးတင်တဲ့ နတ်တလင်းက နိုင်ကျဉ်း ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းတွေ အွန်လိုင်းမှာ ရေးသားတယ်ဆိုပြီး  ပဲခူးတိုင်း(အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်က နိုင်ငံရေးအကျဉ်းသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဇွန်လ ၁၉ ရက်မနေ့က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နတ်တလင်းမြို့က နိုင်ငံရေးတက်ကြွလူပ်ရှားသူ ကိုသန့်ဇင်ထက်နဲ့  မခင်ပြည့်ပြည့်အောင်၊ နတ်တလင်းမြို့နယ် တာပွန်မြို့က မဝင်းလေး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုသန့်ဇင်ထက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားသလို ကျန်သူ ၂ ဦးမှာလည်း ပန်းသပိတ်အကြောင်း ရေးသားကြသည်ဆိုကာ အံ့ဘုန်းသွင် အမည်နဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ဖမ်းဆီး ခိုင်းခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ကိုသန့်ဇင်ထက်က နတ်တလင်းစစ်ကောင်စီ ထွေအုပ်ရုံးကို ကိစ္စတခုနဲ့သွားရင်း ဖမ်းခံလိုက်တာပါ။ မပြည့်ပြည့်အောင်နဲ့ မဝင်းလေးတို့ကို သူတို့နေအိမ်တွေမှာပဲ ဖမ်းဆီးခဲ့တာပါ။သူတို့ ၃ ဦးကို စစ်ကောင်စီတယ်လီဂရမ်ကနေ ဖမ်းပေးဖို့ ဖော်ပြထားလို့ဖမ်းတာပဲသိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။

ကိုသန့်ဇင်ထက်ကို ဇူလိူင် ၁၉ ရက် မနေ့နေ့လယ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မခင်ပြည့်ပြည့်အောင်နဲ့ မဝင်းလေးကို မနေ့ည အစောပိုင်းကအိမ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာသူတို့ ၃ ဦးကို ဘယ်မှာချုပ်နှောင်ထားတယ် ဆိုတာကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

"သူတို့အားလုံးက ပန်းသပိတ်တင်ပြီး မွေးနေ့ဆုတောင်းပေးလို့ ဖမ်းတာပေါ့။ တယ်လီဂရမ်က အံ့ဘုန်းသွင် ဆိုတဲ့အကောင့်က လိုက်ညှောင့်တာ။ သူတင်ပြီး နာရီပိုင်းအတွင်း ဝင်ဖမ်းတယ် အကုန်လုံးအဲ့လိုချည်းပဲ" လို့ မြို့ခံ နောက်တဦးကလည်း ပြောပါတယ်။

ကိုသန့်ဇင်ထက်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ပြည်ထောင်ကနေ လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ယခင်ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားတွေကြောင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူတဦးလည်း ဖြစ်ပါတယ်။

 

ပုံစာ - နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန့်ဇင်ထက်

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #ပန်းသပိတ် #နိုင်ကျဉ်း #စစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10