သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လွတ်မြောက်နယ်မြေတနေရာမှာ ဇွန်လ ၁၉ ရက် ဒီမနက် ၆ နာရီမှာ ရဲဘော်ရဲမေတွေစုပေါင်းပြီး ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဂုဏ်ပြုလေးစားသောအားဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွမ်းစိတ်နဲ့ အောင်နမိတ်ရည်ရွယ်ကာ ပန်းသပိတ်ပြုလုပ်ခဲ့တာ" လို့ တပ်ဖွဲ့တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။
တော်လှန်မွေးနေ့ကစလို့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ မွေးနေ့ရှင်အမေစု မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လက်တွဲညီညီတိုက်ပွဲဝင်သွားကြဖို့ကို ၎င်းတို့တပ်ဖွဲ့အနေနဲ့ တောင်းဆုပြုလိုက်တယ်လို့လည်း တပ်ဖွဲ့တာဝန်ခံက ဆက်ပြောပါတယ်။
#မြေလတ်အသံ
#ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #ပန်းသပိတ် #သပိတ်ကျင်း #ပကဖ
Share Share Share