ဓါးမဆိုင်းတပ်မတော်က စိုက်ပျိုးထားတဲ့ တပ်ရိက္ခာနှမ်းတွေ ရိတ်သိမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓါးမဆိုင်းတပ်မတော် ရဲ့ တပ်ရင်းရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းတွေကို ဇွန် ၂၇ ရက် ဒီနေ့မှာ စတင်ရိတ်သိမ်းနေပြီလို့ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

အဲဒီ နှမ်းစိုက်ခင်းဟာ ၁ ဧက ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ဧပြီလက တပ်ဖွဲ့ ဝင်ရဲဘော် ရဲမေတွေနဲ့ စိုက်ပျိုးခဲ့တာဖြစ်ပြီး ရိတ်သိမ်းရာမှာလည်း တပ်ဖွဲ့ဝင်တွေကပဲ ရိတ်သိမ်းနေတာလို့  ဆိုပါတယ်။

ဒါ့အပြင် နှမ်းရိတ်သိမ်းအပြီးမှာ ပဲစဉ်းငုံနဲ့ စပါးကို ဆက်လက် စိုက်ပျိုးသွားမယ်လို့ ပြောပါတယ်။

ဓါးမဆိုင်းတပ်မတော်ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း တပ်ရင်း ရိက္ခာအတွက် စပါး ၃ ဧက စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဓါးမဆိုင်းတပ်မတော် #ရိက္ခာ #နှမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10