ဓားမဆိုင်းတပ်ဖွဲ့က ရဲဘော်ရဲမေတွေ တနေ့တာပျော်ဖို့ ဟမ်ဘာကာနဲ့ ရေခဲမုန့်ကျွေးမွေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်မှာရှိတဲ့ ရဲဘော်ရဲမေတွေကို မတ်လ ၂၄ ရက် ညပိုင်းက ဟမ်ဘာကာနဲ့ ရေခဲမုန့်တွေ ကျွေးမွေးပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ရဲဘော်တွေကို အစားအသောက်တွေ ကောင်းမွန်စွာနဲ့ ကျွေးမွေးတာရှိပေမယ့် အရက်၊ ဘီယာသောက်ခွင့်မပေးထားကာ တလတကြိမ် ဟမ်ဘာကာကျွေးဖြစ်တယ်လို့ ဓားမဆိုင်းတပ်မတော် တာဝန်ခံဗိုလ်စွမ်းက ပြောပါတယ်။

ဟမ်ဘာကာ ၁ ခုကို ၁၇၀၀ ကျပ်နှုန်းနဲ့ အခု ၁၀၀ အတွက် ၁၇၀၀၀၀ ကျပ် ကုန်ကျပြီး ရေခဲမုန့် ၂ စည်ကတော့ လက်ဆောင်ပေးတာလို့ ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်း ချမ်း၊တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း# ယင်းမာပင်# PDF တပ်ရင်း# ဟမ်ဘာကာကျွေးမွေး# မြေလတ်သတင်း# ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10