နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၁ ဦးကို မီးရှို့သတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီလောက်မှာ ဘုဘရွာကနေ အင်အား ၈၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာနဲ့ ၁၅ မိနစ်သာ လမ်းလျှောက်ရတဲ့ နဂါးတွင်းရွာဘက်ကို ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၃ နာရီ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ညနေ ၃ နာရီလောက်မှာ နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက် ဆီးသွားသလို လေဖြတ်နေတဲ့ ဒေါ်သန်းသန်းကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

နဂါးတွင်းရွာကို မီးရှို့ပြီး ညနေ ၅ နာရီလောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာနဲ့  ၁ မိုင်လောက်ဝေးတဲ့ တောပုရွာထဲကို ပြန်လည်ဝင်‌ရောက်သွားခဲ့ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ  မအူဂိတ်ကနေလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ တောပုရွာထဲကိုဝင်သွားကာ အဲဒီကနေတဆင့် လယ်တောရွာနဲ့ ဘုဘရွာထဲကိုဝင်ရောက်ခဲ့တာပါ။ ဘုဘရွာမှာ တညအိပ်စခန်းချခဲ့တာဖြစ်ပြီး နောက်နေ့ မနက်မှာတော့ နဂါးတွင်းရွာထဲကို ဝင်ရောက်သွားတာပဲဖြစ်ပါတယ်။

ဒီနေ့ မနက်မှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နဂါးတွင်းရွာက ဒေသခံတွေကျေးရွာထဲ ပြန်လည်နေထိုင်နေပြီ ဖြစ်ပါတယ်။

အိမ်ခြေ ၉၀၀ ကျော်ရှိတဲ့ နဂါးတွင်းရွာဟာ အခုလိုမီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာ ၁၄ ရက်မှာ ၁၆ အိမ်၊ နိုဝင်ဘာ ၃ ရက်မှာ ၁၇ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #နဂါးတွင်းရွာ #စစ်တပ် #မီးရှို့ #အမျိုးသမီးတဦး #ထိခိုက် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10