နတ်တလင်းက အဘွားအိုတဦး ပစ္စည်းလုယူ အသတ်ခံရ

နတ်တလင်းက အဘွားအိုတဦး ပစ္စည်းလုယူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ အဘွားအိုတဦးကိုသတ်ပြီး ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ အမျိုးသမီးတဦးဆီက သိရပါတယ်။ 

နတ်တလင်းမြို့မ ရဲစခန်းနဲ့ တမိုင်ခန့်အကွာ ကံသာအုပ်စု၊ မြို့ခြံရှမ်းစုရွာ (ဘိုးသာအောင်ကုန်း တံတားအနီး) မှာနေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် ဒေါ်မြမြအေးကို လက်နက်ကိုင်ဆောင်သူတချို့က အောက်တိုဘာ ၃၁ ရက်ညနေမှာ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်ပြီး ပစ္စည်းလုယက်ခဲ့တာလို့ ဆိုပါတယ်။

"လည်ပင်းကိုဓားနဲ့လှီးဖြတ်ပြီး ရွှေလက်စွပ်နဲ့ဖုန်းကို ယူသွားတာပါ" လို့ အဲဒီကျေးရွာအနီးမှာနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ 

သေဆုံးသူဟာ ခြံထွက်ငှက်ပျောသီးရောင်းကာ တဦးတည်းနေတာဖြစ်တယ်လို့  သူက ဆက်ပြောပါတယ်။ 

ပြစ်မူကျူးလွန်သူလို့ယူဆရတဲ့ နတ်တလင်းမြို့ ရွာမရပ်ကွက်၊  တာပွန်လမ်းကအသက် ၂၃ နှစ်အရွယ်အောင်နိုင်သူ (ခ) အောင်သူကို နတ်တလင်း ရဲက အောက်တိုဘာလ ၁ ရက်မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

အောင်နိုင်သူ (ခ) အောင်သူဆီက ဓါးမြှောင်  ၁ ချောင်း၊ လက်နှိပ်ဓါတ်မီး ၁ လက်၊ Huwai ဖုန်း ၁ လုံးနဲ့ ရွှေလက်စွပ် ၁ ကွင်းကို ရဲကသိမ်းဆည်းပြီး နတ်တလင်းမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

စာတည်း -လင်း  

#မြေလတ်အသံ
#ပဲခူး #နတ်တလင်း #လုယက် #သတ်ဖြတ် #အဘွားအို #သေဆုံး #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10