သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်ဝန်းကျင်က ကျေးရွာတွေမှာ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ကျေးရွာတွင်းနေထိုင်ကြောင်းထောက်ခံစာ လစဉ်လုပ်ခိုင်းပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စုစုပေါင်း ကျေးရွာ ၁၀ ရွာနဲ့အထက်က ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက တအိမ်ထောင်ကို ထောက်ခံစာတစောင် လုပ်ခိုင်းနေတာလို့ သိရပါတယ်။
"ရွာမှာနေတဲ့အကြောင်း ထောက်ခံစာလုပ်ရမှာတဲ့၊ ထောက်ခံစာက အလကားလုပ်ရတာမဟုတ်ဘူး။ တခါလုပ်ရင် တထောင်နှစ်ထောင်ပေးရတာ ဆန်ဝယ်စားလို့ရတယ်။ တလတခါဆိုတော့ လွန်တယ်။ အလုပ်အကိုင်က ကောင်းတာမဟုတ်ဘူး။ PDFတွေ လာနေမှာစိုးလို့ဆိုပြီး အကြောင်းပြတယ်။ လာစစ်တဲ့အချိန် စာရွက်ထဲကလူနဲ့ အပြင်ကလူတိုက်စစ်မယ်လို့လည်း ရာအိမ်မှူးကပြောသေးတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်ကတည်းက အခုလို ထောက်ခံစာလုပ်ရပြီး ဟောင်းနွမ်းသွားမှသာ ပြန်လည်အသစ်လဲရတာရှိပေမယ့်၊ အခု ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်ကစလို့ အဆိုပါနေထိုင်ကြောင်း ထောက်ခံစာတွေကို တလတကြိမ်လဲဖို့ ကျေးရွာတာဝန်ရှိသူတွေက လိုက်ပြောခဲ့တာလို့ သူကဆက်ပြောပါတယ်။