နတ်တလင်းက ရာအိမ်မှူးဖြစ်သူ မှုခင်းရှုထောင့်သတင်းထောက် သတ်ခံရ

နတ်တလင်းက ရာအိမ်မှူးဖြစ်သူ မှုခင်းရှုထောင့်သတင်းထောက် သတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့က သတင်းပေးဆိုသူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ MRF - Nattalinက ဧပြီလ ၁၇ ရက်ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ် လယ်မအင်းအုပ်စု တောင်ညိုလေးရွာက အသက် ၅၃ နှစ်အရွယ် ရာအိမ်မှူး ဦးဌေးလွင်ကို ဧပြီလ ၁၅ ရက်က သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။


"သူကအိမ်မှာရှိနေတုန်း ညနေပိုင်းဝင်ပစ်တာပါဗျ။ ဦးခေါင်း၂ ချက်၊ ခါး ၁ ချက်၊ ဗိုက်ကို ၁ချက် ထိမှန်ပြီးပွဲချင်းပြီးသေတယ်"လို့ Myanmar Revolution Force - MRFရဲ့ တာဝန်ရှိသူ ကပြောပါတယ်။

ဦးဌေးလွင်ဟာ ရာအိမ်မှူးလည်းဖြစ် မှုခင်းရှုထောင့်သတင်းထောက်တဦးလည်းဖြစ်တာကြောင့် သူ့ရဲ့အိမ်ကနေ မှုခင်းရှုထောင်နဲ့ပတ်သက်တဲ့ မှတ်တမ်းဓါတ်ပုံတွေသိမ်းဆည်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဦးဌေးလွင်ဟာ ရဲသတင်းပေး(အင်ဖော်မာ)တဦးဖြစ်ပြီး စစ်တပ်နဲ့အတူသွားလာနေထိုင်တာ သတင်းပေးတာ၊ လမ်းပြတာတွေလုပ်ဆောင်နေသူဖြစ်တဲ့အတွက် နိုင်ငံတဝှမ်းမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ မတရားမှုအသီးသီးတို့ကိုပြန်လည်သွေးကြွေးဆပ်ခိုင်းတာလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

ဒါ့အပြင် နတ်တလင်းပြည်သူတို့အနေနဲ့ စစ်အုပ်စုဝင်တွေနဲ့အတူ သွားလာတာ လမ်းပြတာ သတင်းပေးတာတွေ မပြုလုပ်ဖို့လည်း ဆိုပါတယ်။

နတ်တလင်းမြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ ဧပြီ ၁၃ရက်ညကလည်း နတ်တလင်းမြို့အနောက်ဘက်က ပွဲသာအုပ်ချုပ်ရေးမှူး ကိုတင်ထွန်းကို ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နွေဦးအဖွဲ့)က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း-ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10