သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နဲ့ ကဝမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့ဝင် စစ်သားနဲ့ရဲတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၂၅ ဦးပါ စစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းမှာ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF အဖွဲ့က ပြောပါတယ်။
စစ်ကြောင်းချီလာတဲ့ အဆိုပါစစ်အုပ်စုကို မနက် ၇ နာရီခွဲမှာ ကွင်းစမ်းရွာသင်္ချိုင်းအနီး ပဒေသာမိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် မနက် ၁၁ နာရီခွဲမှာ ကွမ်းစမ်းရွာအနီး မိုင်း ၂ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ပြည်သူတွေ မျက်မြင်သက်သေပြောပြချက်အရ နှစ်ခါမိုင်းဆွဲတာမှာ ၆ ကောင်သေတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးသူတွေကိုတော့ ထော်လာဂျီနဲ့ ကွင်းကျယ်ဆေးရုံသယ်သွားတယ် “လို့ Phoenix DF က တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။
ဒုတိယအကြိမ်တိုက်ခိုက်မှု အပြီးမှာတော့ စစ်ကြောင်းဟာ တောင်ညိုရဲစခန်းကို ပြန်ဆုတ်သွားပြီး လက်ရှိမှာတော့ ပဲခူးရိုးမထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားပြီး စစ်ဇုန်ဧရိယာအတွင်း စစ်သားဦးရေ ၁၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ နယ်မြေရဲစခန်းဂိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကိုလည်း ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ည ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းနေတယ်လို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Phoenix DFတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #နတ်တလင်း #ကဝ #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း
Share Share Share