နတ်တလင်းနဲ့ကြို့ပင်ကောက်မှာ စစ်ကောင်စီစစ်ကြောင်းတွေကို PDFတိုက်ခိုက်

နတ်တလင်းနဲ့ကြို့ပင်ကောက်မှာ စစ်ကောင်စီစစ်ကြောင်းတွေကို PDFတိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေက စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသ PDFတွေက တိုက်ခိုက်လို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ပဲခူးတိုင်းက ထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်မှာ အောက်တိုဘာ ၁၅ ရက်မနက် ၈ နာရီလောက်က ဆင်သေရွာဖျားကနေ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို Phoenix DF တပ်ဖွဲ့က ဉာဏ်လယ်ရွာနဲ့ဆင်ဝိုင်းရွာကြားကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်ကြောင်းကို စနိုက်ပါနဲ့ စောင့်ပစ်တာ တချက်ပဲပစ်လိုက်ရတာ။ နေရာတင်လဲပြီးသေသွားလို့ တောင်ညိုစက်လှေဆိပ်ကို ပြန်ထမ်းသွားတယ် “လို့ Phoenix DFရဲ့ တပ်ခွဲစာရေး တာဝန်ခံဂျူပီတာ က ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက်က အင်အား ၄၀ ဦးလောက်နဲ့  အုတ်ဖိုမြို့နယ်ကနေ ကြို့ပင်ကောက်မြို့နယ်ထဲကိုဝင်ရောက်လာတဲ့ စစ်အုပ်စုကို ကျူတော်ရိုးဘုရားအနီး အင်တိုင်းတောထဲအရောက်မှာ Dragon Brothers (GBK-PDF)က ၄၀ မမ၊ ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဘက်ပြန်လှန်တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီခန့်ကြာမြင့်ခဲ့ကာ စစ်အုပ်စုဘက်က ၅ ဦး ဒဏ်ရာရရှိတဲ့အနက် ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း Dragon Brothers (GBK-PDF)နဲ့ပူးပေါင်းအဖွဲ့ဟာ ကြို့ပင်ကောက်မြို့နယ် ကြာအင်းချောင်းမကြီးအနီးရှိ ခုနှစ်အိမ်တန်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ဓာတ်ပုံ - Phoenix DFတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ကြို့ပင်ကောက် #PDF #စစ်ကောင်စီတပ် #တိုက်ပွဲသတင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10