နတ်တလင်းမှာ ကင်းလှည့်လာတဲ့ရဲတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ရဲတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ

ပဲခူးတိုင်းအနောက်ခြမ်းရှိ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီး ကင်းလှည့်နေတဲ့ ရဲတွေကို သြဂုတ် ၂၂ ရက် ညက မိုင်းဆွဲတိုက်ခိုက်လို့ ရဲ  ၂ ဦးသေကာ ရဲ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ဘက်၊ တောင်ညိုမြို့သစ် နယ်မြေရဲစခန်းက ရဲတွေက ဆိုင်ကယ် ၃ စီး အင်အား ၆ ဦးနဲ့ ကင်းလှည့်ပြီးအပြန် ကံစုကျေးရွာသင်္ချိုင်းကုန်းအနီးမှာ မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။ 

"ရဲ*တွေ ကင်းလှည့်တာကိုစောင့်နေပြီး ဆိုင်ကယ်မောင်းလာချိန် အသင့်ထောင်ထားတဲ့ မိုင်း ၄ လုံးနဲ့ဆွဲခဲ့တာ။ ဆိုင်ကယ်  ၂ စီးလည်း ပျက်စီးသွားတယ်။ မြေပြင်သတင်းအရ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့လာသယ်သွားတယ်။ ဘယ်ကိုသယ်လဲတော့ မသိရဘူး" လို့ Phoenix DF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

Phoenix DF ထုတ်ပြန်တဲ့သတင်းမှာတော့ တိုက်ခိုက်မှုကြောင့် ရဲ  ၂ ဦးသေကာ ရဲ ၁ ဦး ဒဏ်ရာရသလို အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်၊။  

 အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF (Nattalin PDF) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ် ၂၁ ရက်ကလည်း Phoenix DF၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ က တပ်ခွဲ ၂ နဲ့ ၃ တို့ ပူးပေါင်းကာ နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်က စစ်ကောင်စီတပ်တပ်စွဲထားတဲ့ ကြက်မနက်ရွာ ကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #နတ်တလင်းမြို့ #တောင်ညိုမြို့သစ် #မိုင်းဆွဲတိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10