နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေကာ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအစပ် ကျသောင်းကုတင်ဘုန်းကြီးကျောင်းကနေ စမ်းကြီးရွာဘက်ကို အင်အား ၃ဝ လောက်နဲ့ စစ်ကြောင်းထွက်လာတာကို ဒီဇင်ဘာ ၁၀ ရက်မနေ့မနက် ၁၀ နာရီခွဲခန့်မှာ ၉၉ လမ်းဆုံ ဂျပန်ကျွန်းခင်းအရောက်မှာ မိုင်း ၃ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ပထမမိုင်းကွင်းမှာ မထိဘဲ ဒုတိယမိုင်း ၃ လုံးပူးအတွဲမှာ ထိသွားတာ" လို့ Phoenix DF ရဲ့ပြန်ကြားရေးရဲဘော်တဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး သေဆုံးစစ်သားနဲ့ ဒဏ်ရာရစစ်သားအချို့ကို သယ်ကာ ကျောရှည်ရွာဘက်ကို တပ်ပြန်ဆုတ်သွားပြီး မနေ့ညကပဲ နတ်တလင်းမြို့နယ် မကျီးပင်ဆည်(တောင်ညိုဆည်)ကို ပြန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့အရှေ့ဘက် ပဲခူးရိုးမအတွင်းကို စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့  စစ်အုပ်စုဝင်တွေနဲ့ အတူသွားလာနေထိုင်တာတွေ မလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ညနေကလည်း Phoenix DF တပ်ဖွဲ့ဟာ နတ်တလင်းမြို့နယ်အရှေ့ဘက် သစ်လုံးဘုန်းကြီးကျောင်းကနေ အင်အား ၃၀ ဦးလောက်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို သရက်မြောင်အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - Phoenix DF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှု မြင်ကွင်းများ ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #နတ္တလင်းမြို့နယ် #ပဲခူးရိုးမ #စစ်ကောင်စီ #PhoenixDF #ထိခိုက်သေဆုံးမှု #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10