နတ်တလင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးသေ

နတ်တလင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးသေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၂ ဦးသေကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း၊ ၃၈၀၁ တပ်ခွဲ ၄ MRF က ဩဂုတ် ၇ ရက်မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။

နတ္တလင်းမြို့နယ်၊ ကြက်မနက်ရွာနဲ့ ပျဥ်းမခေါင်ရွာကြားကနေ ဩဂုတ် ၄ ရက်၊ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေတဲ့စစ်သား ၂ ဦးကိုတော့ အဲ့ဒီနေ့ညနေက ကွင်းကျယ်ရွာမှာ သေနတ်ပစ်ဖောက်ပြီး သဂြိုဟ်တယ်။ အဲ့ဒီစစ်ကြောင်းက အခုအချိန်(ဩဂုတ် ၈ ရက်) အထိ ကွင်းကျယ်ရွာထဲမှာပဲ ရှိနေတယ်လို့ပြောပါတယ်" လို့ MRF-Nattalinရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံရချိန်က စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေအန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့နေရာတွေ စစ်ကြောင်းထိုးနေတဲ့လမ်းပိုင်းအပါ ရန်သူရှိနေတဲ့နေရာတွေကို အချိန်မရွေးတိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ အနီးဝန်းကျင်ကို သွားလာနေထိုင်တာတွေ မပြုဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်၊ မနက် ၅ နာရီလောက်ကတော့ MRF-Nattalin ရဲ့ ရှေ့တန်းကင်းစခန်းတခုကို စစ်ကောင်စီတပ်က အင်အား ၅၀ လောက်နဲ့ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့  ရဲဘော် ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #နတ္တလင်း #တောင်ညိုဆည် #MRF #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10