နတ်တလင်းမှာ စစ်တပ်သတင်းပေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

နတ်တလင်းမှာ စစ်တပ်သတင်းပေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ နယ်၊ ဘန်းဘွေးကုန်းကျေးရွာမှာနေထိုင်တဲ့ စစ်တပ်သတင်းပေးဆိုသူကို မတ် ၁၃ ရက်ည ၁၂ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈ဝ၁၊ တပ်ခွဲ ၂ ၊Phoenix DF မိုးကြိုးဘီလူးစစ်ကြောင်းဆီက သိရပါတယ်။ 

ပစ်ခတ်ခံရသူမှာ အသက် ၃၈ နှစ်အရွယ် ကိုခင်ဇော်ဝင်းဖြစ်ပြီး သူဟာ တော်လှန်ရေးဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်သားတွေဆီ သတင်းပေးတိုင်ကြားတာ၊ ဖမ်းဆီးခိုင်းတာတွေလုပ်တာကြောင့် ခုလိုရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

"ရွာထဲမှ ရွာသားတွေကိုလည်း မထိခိုက်စေချင်တာကြောင့် ရွာအပြင်ကိုဖမ်းဆီးပြီး ရှင်းခဲ့တာပါ။ ဘယ်ညာ ရင်အုံနှစ်ဘက်ကို သေနတ်နဲ့  ၂ ချက်ပစ်ခဲ့တယ်" လို့ Phoenix DF တာဝန်ခံဗိုလ်မိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ ပူးပါင်းလုပ်ဆောင်တာမျိုးတွေရှိခဲ့ပါက အခုလို ရှင်းလင်းသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီအဖွဲ့တွေနဲ့အနီးဆုံးမှာမနေကြဖို့ Phoenix D F တပ်ခွဲ ၂ မိုးကြိုးဘီလူးစစ်ကြောင်းက သတိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီခွဲခန့်မှာလည်း နတ်တလင်းမြို့အရှေ့ဘက်၊ ဆီဆုံကုန်းကျေးရွာ ရာအိမ်မှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများတဲ့ အုန်းမြင့်ဆိုသူကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ - Phoenix DF တပ်ဖွဲ့ဝင်တချို့ကို သင်တန်းဆင်းပွဲတွင်တွေ့ရစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်တပ်သတင်းပေး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10