နတ်တလင်းမှာ ဒေသခံတွေကို ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ခိုင်းတဲ့ ပျူခေါင်းဆောင် ရှင်းလင်းခံရ

နတ်တလင်းမှာ ဒေသခံတွေကို ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ခိုင်းတဲ့ ပျူခေါင်းဆောင် ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ ကြိမ်းမောင်းတဲ့ စစ်ကောင်စီခန့်ရာအိမ်မှူး ပျူစောထီးခေါင်းဆောင်ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။ 

နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းအုပ်စု၊ ဆီဆုံကုန်းရွာမှာနေတဲ့ ကိုအုန်းမြင့် ကို ဆီဆုံကုန်းရွာလယ်တံတားမှာ ဇန်နဝါရီ ၂၂ ရက် ဒီမနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့  သိရပါတယ်။

သူ့ဆီကနေ ကျောပိုးအိတ် ၁ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

“သေနတ်နဲ့ ၆ ချက် ပစ်ခတ်ခဲ့တာပါ။ ထိမှန်တဲ့နေရာတွေကတော့ နားထင်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေကိုပါ“လို့ Phoenix DF တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ 

ထုတ်ပြန်ချက်မှာတော့ ကိုအုန်းမြင့်ဟာ ကျေးရွာသားတွေကို ပြည်သူ့စစ်ထဲ မဝင်ပါက ပြည်သူ ၁၃ ဦးလျှင် ၄ သိန်းကျပ်ကနေ ၁၅ သိန်းအထိ သူ့ကိုပေးရမယ်ဆိုကာ ကြိမ်းမောင်းတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတဦးကတော့ အခင်းဖြစ်ပြီးနောက် တောင်ညိုဆည်ရဲကင်းက ရဲတွေရောက်လာကာ အနီးဝန်းကျင်ကို စစ်ဆေးမှုတွေပြုလုပ်ပြီး အလောင်းကို တောင်ညိုမြို့သစ်ဘက်ကို သယ်သွားတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူး ကိုသန်းထွန်းနဲ့ ရာအိမ်မှူး ကိုနိုင်ကြီး တို့ကို မင်းလှ PDF က သေနတ်နဲ့ ပစ်ခဲ့လို့ အုပ်ချုပ်ရေးမှူးသေကာ ရာအိမ်မှူးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ရာအိမ်မှူး ကိုအုန်းမြင့်ထံမှ သိမ်းဆည်းရရှိသည့် ကျောပိုးအိတ်နှင့် လက်ပစ်ဗုံးနှစ်လုံး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့ #ပြည်သူ့စစ် #စစ်ကောင်စီ #ရာအိမ်မှူး #ပျူစောထီး #သာယာဝတီခရိုင် #PhoenixDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10