နတ်တလင်း Phoenix DF ရဲဘော်တွေ မွန်းမံသင်တန်းဆင်း

နတ်တလင်း Phoenix DF ရဲဘော်တွေ မွန်းမံသင်တန်းဆင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အခြေစိုက် တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၂၊Phoenix DF က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၅ ရက်မနေ့က စခန်းတနေရာမှာ ပြုလုပ်တယ်လို့ သိရပါတယ်။

သင်တန်းကို အောက်တိုဘာ ၆ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ တလတာပြုလုပ်တာဖြစ်ပြီး အမိန့်နာခံတတ်ဖို့၊ အမြင့်ကျော်တက်တာအပြင် ကြိုးတန်းဆွဲတာနဲ့ သက်လုံကောင်းစေဖို့ လေ့ကျင့်တာတွေလည်း ပါဝင်တယ်လို့ တပ်ခွဲစာရေး ဂျူပီတာက ပြောပါတယ်။

သင်တန်းဆင်းပွဲ အခန်းအနားမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်းမှူးက အမှာစကားပြောကြားပြီး တပ်ခွဲမှူးဗိုလ်မိုးကြိုးနဲ့ တပ်ရင်းတပ်ခွဲ တာဝန်ရှိသူတွေက ထူးချွန်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - Phoenix DFရဲဘော်တွေရဲ့မွမ်းမံသင်တန်းဆင်းမြင်ကွင်း။

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #သာယာဝတီ #PhoenixDF #သင်တန်းဆင်းပွဲ #မွမ်းမံသင်တန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10