သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သြဂုတ် ၈ ရက် ဒီနေ့လယ် ၁၂ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ OPRF - အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် ရှိနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်နဲ့ ၈ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပုံမှန်ဆို အဲ့ဒီဂိတ်မှာ လူအင်အား ၂၀ ကျော် ၃၀ ကျော်လောက် ရှိတယ်။ ဂိတ်ထဲမှာ ရဲတွေရော စစ်သားတွေရော ရှိတယ်။ နေ့ရောညရောဖွင့်ထားပြီး လမ်းကြေးတွေကောက်နေတာ အာဏာသိမ်းပြီး ကတည်းက။ ဒီနေ့မနက်လည်း ကျနော်တို့က သူတို့ကို ၈ လေးလုံးအထိမ်းအမှတ်အနေနဲ့ ခြောက်လှန့်တဲ့သဘော သွားပစ်ခဲ့တာပါ ” လို့ OPRF အဖွဲ့ဝင် ရဲဘော်ကျော်ကြီး က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ အဲ့ဒီမြို့အဝင်ဂိတ်ကို ဇွန်လ ၁၉ ရက်ကလည်း ပစ်ခတ်ဖို့သွားခဲ့ပေမယ့် လူအင်အားမမျှတဲ့အတွက် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ရဲဘော်ကျော်ကြီးက ဆိုပါတယ်။
OPRF တပ်ဖွဲ့ဟာ စစ်တပ်က စစ်ကြောင်းထိုးတဲ့နေရာတွေက ဆေးကုသဖို့ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးတာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ စိုင်ကောင်းရွာ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #နတ်မောက် #စစ်ကောင်စီဂိတ် #OPRF #တိုက်ခိုက် #သတင်း #ရှစ်လေးလုံး #အထိမ်းအမှတ်
Share Share Share