နတ်မောက်ဘက်ကို ရိက္ခာပို့လာတဲ့ စစ်ကားမိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို

နတ်မောက်ဘက်ကို ရိက္ခာပို့လာတဲ့ စစ်ကားမိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ နတ်မောက်မြို့ဘက်ကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီကားတစီးကို ဇူလိုင် ၂၀ ရက်မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ဆီက သိရပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၁၆၁ ဘက်ကနေလာတဲ့ အဲ့ဒီစစ်ကောင်စီကားကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်း(တောင်)ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက တပေပတ်လည် ပြင်းအားမြင့်မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ထိခိုက်သေဆုံးတာတွေကို ကျနော်တို့ အတွင်းသတင်းအရ ကြားသိရတာပါ။ ကားသမားတဦးပဲလွတ်တယ်လို့ ကြားတယ်။ မိုင်းဆွဲလိုက်ပြီးတော့ ၅ မိနစ်လောက် ပစ်ခတ်မှုဖြစ်သေးတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိပါဘူး” လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ခံ ကိုဒေါင်းစစ်သည်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကားကတော့ မကွေးဘက်ကို ဆက်သွားခဲ့ကာ ဇူလိုင် ၂၁ ရက်ဒီမနက်ပိုင်းမှာတော့ ပျော်ဘွယ်လမ်းပိုင်းမှာ စစ်တပ်က ကင်းပုန်းတွေချထားတယ်လို့ သိရပါတယ်။ 

ဒီပစ်ခတ်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ ဂဠုန် PDF နတ်မောက်၊ ကျားသစ်နက်အဖွဲ့၊ ငပြေမအဖွဲ့၊ ရွာငံဂျိုးဖြူ PDFနဲ့ သာစည်ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သီးချောင်းရွာအရှေ့ဘက်မှာ စစ်ကောင်စီကားတစီးကို တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #နတ်မောက် #စစ်ကောင်စီ #မိုင်းဆွဲ #သေဆုံးမှုရှိ #တိုက်ဒေါင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10