နတ်မောက်မှာ တရားမဝင်ကျွန်းသစ် ၁ တန်ကျော် PDF ဖမ်းဆီးရမိ၊ NUG ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို

နတ်မောက်မှာ တရားမဝင်ကျွန်းသစ် ၁ တန်ကျော် PDF ဖမ်းဆီးရမိ၊ NUG ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဧပြီလ ၂၃ ရက် ဒီမနက် ၁၀ နာရီ‌လောက်က တရားမဝင်ကျွန်းသစ် သယ်ဆောင်လာသူတွေနဲ့  ကားကို ဖမ်းဆီးခဲ့တယ်လို့ ဂဠုန်PDF နတ်မောက်က သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက နတ်မောက်မြို့အ‌ရှေ့ဘက်တနေရာမှာ စစ်ဆေးမှုပြုလုပ်နေချိန် တရားမဝင်ကျွန်းသစ်ခွဲသား ၁ တန်ကျော် တင်ဆောင်လာတဲ့ ၆ ဘီးကုန်တင်ယာဉ်နဲ့ ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြို့သစ်မြို့နယ်၊ရွာဆိုးရွာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

“တောထဲမှာ သစ်အလုံးလိုက်ကို တခါတည်းခွဲပြီးသယ်လာတာလို့ သိရတယ်။ ဖမ်းမိတဲ့ကားနဲ့ လူတွေပြန်လွှတ်ပေးခဲ့ပြီး သစ်တွေကိုတော့ သိမ်းဆည်းထားပါတယ်“ လို့  ဂဠုန် PDF-နတ်မောက်ရဲ့ တပ်ခွဲ မှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

သိမ်းဆည်းရမိတဲ့သစ်တွေကို  အမျိုးသားညီညွတ်ရေးအစိုးရ-NUG သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဂဠုန် PDFနတ်မောက်တပ်ဖွဲ့ဟာ ဒေသတွင်းမှာ လောင်းကစား၊ မှုးယစ်ဆေးနဲ့  သစ်ခိုးယူမှုတွေကိုမပြု လုပ်ဖို့ အခုလ ၁၄ ရက်နေ့မှာ ပြည်သူတွေကို စာထုတ်အသိပေးထားတယ်လို့လည်း ဆိုပါတယ်။

ပုံစာ - ဖမ်းဆီးရမိသူတွေနဲ့ သစ်ကား။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#နတ်မောက် #ဂဠုန်PDF #တရားမဝင်သစ် #ဖမ်းဆီးရမိ #သစ်မှောင်ခို #အမျိုးသား ၄ ဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10