နယ်မြေမငြိမ်သက်လို့ ညအချိန်ပြုလုပ်ခဲ့ရတဲ့ တော်လှန်ရေး ဟောပြောပွဲ (Photo news)

နယ်မြေမငြိမ်သက်လို့ ညအချိန်ပြုလုပ်ခဲ့ရတဲ့ တော်လှန်ရေး ဟောပြောပွဲ (Photo news)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲက ကျေးရွာတွေမှာ နယ်မြေမငြိမ်သက်တဲ့အတွက် တော်လှန်ရေးအသိပညာပေး ဟောပြောပွဲကို မေ ၉ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့ရပါတယ်။



"နယ်မြေအခြေအနေကြည့်ပြီးတော့ ညပိုင်းလုပ်ခဲ့ရတာပါ။ တရက်ကိုတရွာချင်း ပြောဆိုဖြစ်တယ်။ လက်ရှိနိုင်ငံရေးနဲ့ တော်လှန်ရေးအခြေအနေ၊ လူထုပါဝင်လှုပ်ရှားတာ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ပြောဆိုခဲ့တာပါလို့" ပညာပေးပြောဆိုသူ မမေဇင်မွန်က မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလို အသိပညာပေးပြောဆိုတာကို မေလအတွင်းမှာ စတင်ပြုလုပ်ခဲ့တာ ၄ ရွာမြောက်ဖြစ်ပြီး၊ မုံရွာအမြင့်လမ်း သပိတ်ကော်မတီ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - 007

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10