နွယ်နီရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုသမီးတဦးကို စစ်တပ်က ပစ်သတ်

နွယ်နီရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုသမီးတဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် နွယ်နီကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နန်းဦးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ နွယ်နီရွာထဲကိုဝင်လာပြီး ရွာထဲက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်နေချိန် စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်သီသီမာကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

“သူက စိတ်ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ စစ်ကောင်စီတွေမေးတာကိုမဖြေလို့ သတ်သွားတာနေမှာ။ ကျမရဲ့ ဖုန်းတွေပါယူသွားတယ်။ ကျမလည်း ခြေထောက်မကောင်းတော့ ထွက်မပြေးဘူး။ ရွာထဲမှာပဲ ကျန်ခဲ့တယ်” လို့ နွယ်နီဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ နွယ်နီရွာထဲမှာ တညအိပ်စခန်းချသွားပြီး အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းလောက်မှာတော့ ကျေးရွာထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ 

သူတို့ပစ်သတ်လိုက်လို့ သေဆုံးသွားတဲ့ အမျိုးသမီးကိုလည်း အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ပေးလိုက်သလို ဒေသခံတွေလည်း ရွာထဲကို  ပြန်လည်နေထိုင်နေပြီဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၄ ရက်ကလည်း နန်းဦးရွာနဲ့ ကျွန်းကလေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အခုချိန်ထိလည်း အဲ့ဒီစစ်ကြောင်းဟာ အဆိုပါကျေးရွာနဲ့ မနီးမဝေးမှာရှိနေသေးတဲ့အတွက် ဒေသခံတွေက ကျေးရွာထဲကို ပြန်လည်နေထိုင်တာမျိုးတွေ မရှိသေးဘူးလို့ လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ရေစကြိုမြို့နယ် #နွယ်နီကျေးရွာ #စိတ်ကျန်းမာရေးမကောင်း #အမျိုးသမီးတဦး #စစ်တပ် #ပစ်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10