နွားထိုးကြီးက ရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

နွားထိုးကြီးက ရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီး မြို့မရဲစခန်းက ရဲတပ်ကြပ်တဦး ဧပြီလ ၂၆ ရက်မနေ့ည ၇ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ရဲတပ်ကြပ် ခိုင်မင်းထွန်းဟာ နွားထိုးကြီး မြို့မရဲစခန်းကနေ မြို့အရှေ့ဘက်ရှိ ရဲကင်းစခန်းကို ဆိုင်ကယ်နဲ့ထွက်လာချိန် ထန်းဇင်ရွာအနီးအရောက်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့လို့ ထွက်ပြေးရာမှာ ပစ်ခတ်ခံရပြီး နေရာတင်သေဆုံးခဲ့တာပါ။


“ကျနော်တို့အဖွဲ့ ကင်းပတ်နေတုန်း ထန်ဇင်းရွာအနားမှာ တွေ့တာ၊ လက်နက်မပါဘူးဗျ။ ဆိုင်ကယ်ရပ်ဖို့ ပြောတာကို မောင်းပြေးလို့ ကျနော်တပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ အဖွဲ့လိုက် ပစ်တာဆိုတော့ ဘယ်နှစ်ချက်ပစ်မိသလဲတော့ မမှတ်မိပါဘူး” လို့ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NPDF တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီး ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာသွားချိန်မှာ ရဲတပ်ကြပ်အလောင်းကို စစ်ကောင်စီတပ်သားတွေက အင်အား ၃၀ ကျော်နဲ့ ညတွင်းချင်းပဲ အခင်းဖြစ်တဲ့နေရာမှာ လာသယ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်မှာတော့ အဆိုပါရဲတပ်ကြပ်မှာ နားထင်၊ နောက်ကြော၊ မေးရိုး၊ နားအောက်၊ ရင်ညွန့်၊ ဗိုက်နဲ့ လက်ကောက်ဝတ် စတဲ့နေရာတွေမှာ ကျည်ထိမှန်သေဆုံးနေတာကို ထန်းဇင်ရွာအနီးမှာ တွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ သာယာကုန်းရွာနားမှာ စစ်သားတွေပါလာတဲ့ အိမ်စီးကား ၃ စီးကို NPDF အဖွဲ့သားတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10