နွားထိုးကြီးမှာ လမ်းသွားပြည်သူတွေကို NPDF က တွေ့ဆုံစစ်ဆေး (Photo News)

နွားထိုးကြီးမှာ လမ်းသွားပြည်သူတွေကို NPDF က တွေ့ဆုံစစ်ဆေး (Photo News)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက လမ်းပိုင်တချို့မှာ ဇူလိုင် ၃၀ ရက်ကစပြီး ခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေကို စစ်ဆေးနေတယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း Natogyi People Defence Force ဆီက သိရပါတယ်။

"လုံခြုံရေးအရ စစ်ဆေးရေးလုပ်တာပါ။ပြည်သူတွေကို နိုင်ငံရေး အသိပညာပေးဖို့အတွက်လည်း ပါပါတယ်" လို့ NPDF တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကားတွေကို မှန်ချမောင်းနှင်ဖို့၊ ယာဥ်ကိုတားရင် ရပ်ပေးဖို့နဲ့ လိုအပ်ရင် ကားပေါ်ကဆင်းပေးကြဖို့ NPDF က ထုတ်ပြန်ကြေညာထားပါတယ်။ 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်ဆေးရေး #NPDF #PhotoNews 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10