နွားထိုးကြီးရဲစခန်း ဒရုန်းနဲ့ဗုံးချခံရလို့ ရဲကားမီးလောင်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာပြင်းထန်ဟုဆို

နွားထိုးကြီးရဲစခန်း ဒရုန်းနဲ့ဗုံးချခံရလို့ ရဲကားမီးလောင်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာပြင်းထန်ဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မရဲစခန်း မေလ ၁ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၄ ရပ်ကွက်၊ နွားထိုးကြီး-မြင်းခြံကားလမ်းမကြီးဘေးမှာရှိတဲ့ မြို့မရဲစခန်းဝန်းအတွင်းကို ဒရုန်းနဲ့ဗုံး ၃ လုံးချ တိုက်ခိုက်လို့ ၁ ဦး သေဆုံးပြီး၊ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တာဝန်ခံ ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။


"ရဲစခန်းဝန်းထဲက အိမ်စီးကားနား ရဲတွေစုပြုံနေတဲ့နေရာကို ဗုံးချခဲ့တာ။ ကားလည်း မီးလောင်ပျက်စီးသွားတယ်" လို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ အိမ်စီးကားဟာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်ချိန်မှာ အသုံးပြုတဲ့ အဖြူရောင် Mark II ကားဖြစ်ပြီး မီးသတ်ကားတွေ ရောက်ရှိ မီးငြိမ်းသတ်ခဲ့လို့ ရဲစခန်းတွင်း ရေတွေလျှံတဲ့အထိ ဖြစ်ခဲ့ကာ မီးခိုးလုံးတွေကို တမြို့လုံးက မြင်ရတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး သူက ဆက်ပြောပါတယ်။

သေဆုံးနဲ့ ဒဏ်ရာရတဲ့ ရဲတွေကိုတော့ နွားထိုးကြီးဆေးရုံကို ပို့ဆောင်ကာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့အရှေ့ဘက် ထန်းဇင်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုကင်းစခန်းဂိတ်ကို နွားထိုးကြီး PDF အဖွဲ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10