သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ကျောင်းသားတွေ သတ်ဖြတ်ခံရမှုအပါအဝင် တနိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးဗကသရဲဘော် အရေအတွက်ဟာ ၁၇ ဦး အထိရှိသွားပြီလို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက ပြောပါတယ်။
ဇူလိုင် ၂၈ ရက်မှာ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာက ကျောင်းသားများသမဂ္ဂက(ဗကသများအဖွဲ့ချုပ်)ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူးကိုသုတနေ တို့ကို သတ်ဖြတ်ခဲ့ပါတယ်။
“ဗကသကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်သွားတဲ့ လုပ်ရပ်ပဲလို့ ကျနော်တို့ မြင်ပါတယ်။ ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့များများစားစား ပြောစရာမရှိပါဘူး။ သေချာတာက တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာ မဟုတ်ဘူး” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လမ်းလျှောက်ဆန္ဒပြပွဲ၊ စစ်ကြောရေး၊ အကျဉ်းထောင်နဲ့ စစ်မက်ဖြစ်ပွားမှုတွေမှာ ဗကသရဲဘော် ၁၇ ဦးကျဆုံးခဲ့ပြီး ဗကသရဲဘော် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရာမှာ တချို့ ပြန်လည်လွတ်မြောက်လာသလို လက်ရှိမှာ ဗကသရဲဘော် ၃၂ ဦး အကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံး၊ ပျောက်ဆုံးနဲ့ ဖမ်းဆီးခံရပြီး စာရင်းမရနိုင်သေးတဲ့ သမဂ္ဂကရဲဘော်တွေလည်းရှိနေပါသေးတယ်
စစ်အာဏာသိမ်းပြီးချိန်ကစလို့ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီအရေးလူပ်ရှားသူနဲ့ပြည်သူ စုစုပေါင်း ၃,၈၅၀ ဦး ကျဆုံးခဲ့ပြီး ဇူလိုင် ၂၈ ရက်ထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၄,၁၀၀ ဦးရှိကာ ၄,၃၉၀ ဦးပြန်လွတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဘုတလင်မြို့နယ် #ကျောင်းသားများသမဂ္ဂ #ဗကသများအဖွဲ့ချုပ် #ကျောင်းသား #ဗကသ
Share Share Share