နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်သံဆောင်းပါး)

 

မကျည်းတန်ဟာ အညာသားတယောက်။ အမျိုးသားတဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးဖြစ်ချင်ခဲ့သူ။ အမျိုသမီးတယောက်လို နေထိုင်ပြောဆိုတယ်၊ ဝတ်စားဆင်ယင်တယ်။ သူ့နာမည်ကိုလည်း မကျည်းတန်လို့ မှည့်ခေါ်စေတယ်။

သူဟာ မြန်မာပြည်အထက်ပိုင်း ထနောင်းပင်၊ တမာပင်၊ ထန်းပင်၊ မကျည်းပင်တွေ အစီအရီပေါများလှတဲ့ အညာဒေသမှာ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့သက်မွေးဝမ်းကျောင်းနေရင်း စီးပွားရေး အတော်အသင့် အဆင်ပြေနေတဲ့ မိသားစုလေးတစုကပါ။ 

အဲဒီမိသားစုမှာ အမေဖြစ်သူနဲ့အတူ သားနှစ်ယောက်ရှိတယ်။ သားအငယ်က တက္ကသိုလ်ကျောင်းသားဖြစ်ပြီး သားအကြီးဖြစ်တဲ့ မကျည်းတန်က မိခင်ရဲ့ ကုန်သည်အလုပ်ကို ကူညီလုပ်ကိုင်တယ်။ 

တဖက်မှာလည်း မကျည်းတန်က စေတနာ့ဝန်ထမ်းအနေနဲ့ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်မှာ အဖွဲ့ဝင်တဦးဖြစ်သလို လူ့အခွင့်အရေးအကြောင်း အသိပညာပေးဟောပြောသူအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ 

သူ့ရဲ့အဘွားဖြစ်သူက မြေးလေးတွေကို မကျည်းတန်၊ အကျည်းတန်ရယ်လို့ ချစ်စနိုးခေါ်လေ့ရှိရာက အဲဒီနာမည်လေးကို နှစ်ခြိုက်မိပြီး သူ့ကိုယ်သူ "မကျည်းတန်" ဆိုပြီး မှည့်ခေါ်ခဲ့တာပါ။ 

"မကျည်းတန်" တို့ မိသားစုအသိုက်အမြုံလေး ပူပင်စရာမရှိ ပုံမှန်ဖြတ်သန်းနေကြတဲ့ အချိန်မှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က တိုင်းပြည်ကို မတရားအာဏာသိမ်းခဲ့ရာမှာ မကျည်းတန်တို့မိသားစုလေးလည်း တကွဲတပြားစီ ဖြစ်ခဲ့ရပါတော့တယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #မကျည်းတန် #ထောက်ပို့တပ်သား #တော်လှန်ရေး #LGBT 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10