ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သေနတ်ကို ခိုးယူကာ စစ်ကောင်စီနဲ့ပူးပေါင်းသွားသူ တက်တူးဟာ ပခုက္ကူခရိုင်အတွင်းက အရေးကြီး PDF စခန်းတွေနဲ့ အခြားထိစပ်နယ်မြေတွေကိုလည်း မြေပုံနဲ့တကွထွက်ဆိုထားလို့ အမြန်ပြောင်းရွှေ့ဖို့လိုတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါ မှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်" လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်လက်ျာက ပြောပါတယ်။

တက်တူး(ခ)ထက်ဝေယံဟာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး သူနဲ့ပတ်သက်ဆက်နွယ်တဲ့ စခန်းနေရာအတော်များများ ကို ရောက်ဖူးသူဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ  ကျေးရွာနေပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိစေဖို့အတွက် လေကြောင်းအသိ လေကြောင်း သတိထားရှိကာ ကျေးရွာတွေအတွင်း နေထိုင်ခြင်းမပြုဘဲ တောတောင်များသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နဲ့ ပအဖ၊ ပလဖ ကျန်းမာရေးတာဝန်ခံတွေလည်း နေရာအတည်တကျ နေထိုင်ခြင်းမပြုဘဲ ဝှက်စွာနေထိုင်ကြရန် ဖော်ပြထားပါသေးတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #မြိုင် #ပကဖရဲဘော် #တက်တူး #စကစ #ပူးပေါင်း #သတင်းထုတ်ပြန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10