ပခုက္ကူကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေ တိုက်ခိုက်

ပခုက္ကူကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Myaing Warriors တပ်ဖွဲ့ဆီက သိရပါတယ်။

ကျောက်ထုမြို့ဘက်ကနေ ပခုက္ကူမြို့ဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း အစီး ၉၀ နီးပါးဟာ ပခုက္ကူမြို့နယ်ထဲက ညောင်ကျစ်ပင်ရွာနားအရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Rocket 17 လုံး၊ Fixed Wings ဗုံးသီး ၆ လုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ Myaing Warriors အဖွဲ့တာဝန်ခံ ကိုစတီးက ပြောပါတယ်။

“ထိခိုက်မှုတွေကိုတော့ စုံစမ်းနေဆဲပါ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့က ပခုက္ကူဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ်” လို့ သူက ဆိုပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီယာဉ်တန်းဟာ ပခုက္ကူမြို့ထဲဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်မှာလည်း မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာ စာသင်ကျောင်းအနီးတဝိုက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက Rocket ၃ လုံး နဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းဝင်းထဲ ၂ လုံးကျရောက်ပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။

“ကျောင်းဝန်းအနီးမှာ ပျူ နဲ့ စစ်**တွေ အင်အား ၅၀ ဝန်းကျင်ရှိတယ်။ သူတို့အဲဒီမှာ တပ်စွဲထားတာ ၂၀၂၂ နှစ်ဦးပိုင်းလောက်ကပါ။ ကျနော်တို့သွားပစ်တော့ သူတို့ဘက်ကပြန်လည်ပစ်ခတ်တာမျိုးမရှိဘူး” လို့ ကိုစတီးက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို Myaing Warriors၊ Black Cheetah၊ MVRF ပခုက္ကူခရိုင်တပ်ရင်း ၆၊ ဘီလုံးဌက်၊ ပခုက္ကူ ပကဖတို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။  

Myaing Warriors အနေနဲ့ သရက်ကန်ရွာကို သွားရောက်ပစ်ခတ်တာ အကြိမ်ရေ ၂၀ ထက်မနည်းရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #စစ်ကောင်စီယာဉ်တန်း #MyaingWarriors #MVRF #ဒရုန်း #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10