ပခုက္ကူက စစ်ကောင်စီဂိတ် ၂ ခု ကို PDF က တပြိုင်တည်းတိုက်ခိုက်

ပခုက္ကူက စစ်ကောင်စီဂိတ် ၂ ခု ကို PDF က တပြိုင်တည်းတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်း၊ ပခုက္ကူမြို့နယ်ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုကို ဇွန်လ ၁၁ ရက် မနက်အစော ၃ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ပန်းတိုင်ရွာပြင်ရှိ စစ်ကောင်စီဂိတ်နဲ့ ကျောက်လှေခါးရွာအနီး စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ ဂိတ်စခန်းကိုမသိမ်းနိုင်ပေမဲ့ စစ်*** ၇ ယောက်ပွဲချင်းပြီးသေပြီး ၂ ယောက်က ဆေးရုံမှာသေတယ်လို့ အတွင်းသတင်းက ကြားသိရတယ်။ အဲဒီ ပန်းတိုင်ရွာပြင်စခန်းမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ဘဲရှိတယ်” လို့ ပြောပါတယ်။

ကျောက်လှေခါးကျေးရွာ စစ်ကောင်စီဂိတ်ကိုတော့ ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် မနက်ပိုင်းမှာတော့ တိုက်ခိုက်ခံရတဲ့ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူအင်အားထပ်မံဖြည့်တင်းထားပြီး လမ်းသွား၊လမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်စွာလုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO၊ Urban Underground Revolution Force – YSO၊ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း 27 Revolution Force၊ Myingyan District Drone Strike (MDDS)၊ နဂါးနီအထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Pakokku Special Guerrilla Force (ပကဖ − PSGF)၊ မြန်မာတော်ဝင်နဂါးတပ်မတော် (MRDA)၊ ညီနောင်သုံးဖော် (YSO) အဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း PDF ရဲဘော်တဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ဟာ  မေလ ၂၃ ရက်ကလည်း ကျောက်လှေခါးကျေးရွာမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီဂိတ်ကို Drone ဗုံးသီး ၄ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးသွားပြီး ၂ ဦးထိမှန်ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ရေးသားထားပါသေးတယ်။

 ပုံစာ - စစ်ကောင်စီဂိတ်စခန်းများကို သွားရောက်တိုက်ခိုက်ပြီးပြန်လာသည့် ဒေါင်းနီ - YSO ပြောက်ကျားတပ်ဖွဲ့ဝင်များ။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10